Saturday 15 November 2008

အချစ်ဆွဲအား

(“Newton ကပြောတယ် ကမ္ဘာဆွဲအားက အရမ်းကြီးတယ်တဲ့၊ ကျွန်တော့်အတွက်တော့ အချစ်ဆွဲအားလောက်မကြီးပါဘူး။“)
ကျွန်တော် ရဲ့ ဇာတ်လမ်းလေးကိုမပြောခင် ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ပေးရမှာပေါ့။ ကျွန်တော့် နာမည် နေ၀န်းနီ ပါ .. မိဘပေးတဲ့ လှတပတ နာမည်လေးပျောက်ပြီး ငါးခူ ဆိုတဲ့ နာမည်ကို သူငယ်ချင်းတွေ ပေးကြတဲ့အကြောင်းကတော့ ကျွန်တော်ပြုံးရင် ငါးခူပြုံးနဲ့တူလို့ပါတဲ့ …. ဘယ်လောက်ဆိုးလိုက်လဲ .. ယှဉ်စရာရှားလို့ ငါးခူနဲ့မှ … ဇာတိကတော့ ပခုက္ကူ .. ရန်ကုန် က ခေါ်တာတော့ အညာ ဆိုတဲ့ဒေသကပေါ့ .. အခုတော့ကျွန်တော် ရန်ကုန်ရောက်နေတယ်လေ … မိဘတွေနဲ့ ခွဲပြီးတစ်ယောက်ထဲလာနေတာပေါ့ ။
ရန်ကုန်မှာ ကျွန်တော် ကျူရှင်တက်နေတာ(၈)လလောက်ရှိပြီ။ ကျွန်တော့်မှာကလုပ်စရာလေးတွေရှိတယ်လေ။ အဲ …
စီးပွားရေးနဲ့ပတ်သတ်တာမဟုတ်ပါဘူး။ ကျွန်တော်က အခု အင်္ဂလိပ်စာ သင်တန်းတွေတက်နေတယ်။ သိတယ်မို့လား .. ဒီခေတ်ကြီးထဲ မှာ ဘာသင်တန်း ညာသင်တန်းတက်နေတာ ဆိုပြီးပြောလို့ရမှ လူရှိန်တာလေ။ တတ်တာ မတတ်တာ အပထား သင်တန်းတက်နေတယ်လို့ပြောလို့ရရင်တော်ပြီလေ။ အဲ.. စကားဘယ်ရောက်သွားပါလိမ့်။ သြော် .. လုပ်စရာဆိုတာက ကျွန်တော့်ရဲ့ အကောင်အထည်မဖော်ရသေးတဲ့ နှလုံးသားဓါတ်ချုပ်တဲ့ပြဿနာလေးပါ။ အဲဒါက ဒီလိုကွဲ့လို့ အစချီပြောလိုက်ရရင် ကျွန်တော့်ဇာတ်လမ်းလေးက ကိုရီးယားကား ဂျူမုံ ထက်တောင် ရှည်သွားအုံးမယ်။ တိုတိုတုတ်တုတ်ပြောရရင် ကျွန်တော့်ကောင်မလေး ကြောင့်ပေါ့။ ကျွန်တော် သူ့ကိုတွေ့ချင်တယ်။ သူက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တက်နေတယ်လေ။ ကျွန်တော့် နေတာက ပခုက္ကူ ၊ သူ့ကျောင်းက ရေဆင်း ဆိုတော့ နီးနီးလေးပါပဲ။ ဒါပေမယ့် အိမ်က မိဘတွေကိုမလိမ်ရဲလို့ ပခုက္ကူ မှာရှိနေတုန်း ရေဆင်းကို သွားဖို့ အခွင့်အရေးမရခဲ့ဘူး။ ဒါကြောင့် မိဘတွေနဲ့ဝေးရာ ရန်ကုန်ကို တကူးတက လာနေပြီး သူ့ဆီသွားဖို့ အားထုတ်ရတာပေါ့။ သူဆိုတဲ့ကောင်မလေး ကို ကျွန်တော့်စိတ်ထဲ အမြဲခလုတ်တိုက်နေတာ သူကတော့ ကျောင်းမှာရည်းစားတွေတောင်ရနေပြီလား မသိဘူး။ ဒါမှမဟုတ် ကောက်စိုက်ဖို့ပဲ လက်ချာတွေနဲ့ နပန်းလုံးနေရလားတော့မပြောတတ်ဘူး။ ပညာရှိ မဟုတ်တဲ့ ကျွန်တော် ကလည်း သေချာအောင်ပြေးကြည့်လိုက်မယ်ဆိုပြီး သူလေးရှိရာ
ရေဆင်းကိုလိုက်ဖို့ပြင်တော့တာပေါ့။ ကျွန်တော့်ရဲ့ အကြံအစည်ကို အဆင်းဘီးတပ်ပေး တဲ့သူကလဲ အဆင်သင့်ရောက်နေပါပေါ့လား။ မင်းဆွေ တဲ့ ကျွန်တော့်ဇာတိမြို့က သူငယ်ချင်းပေါ့။ ရန်ကုန်မှာကျွန်တော့်လိုပဲ သင်တန်းဟန်ပြလာတက်နေတာပေါ့။ တစ်နေ့ကြတော့ ကျွန်တော့်အကြောင်းသိနေတဲ့ မင်းဆွေက

“ငါးခူ မင်းရေဆင်းမသွားချင်ဘူးလား“
“ဟာ .. ဘာသွားလုပ်မှာလဲ သင်တန်းတွေပျက်ကုန်မှာပေါ့“

အမှန်တော့ ကျွန်တော် ဟန်ဆောင်ပန်ဆောင်လုပ်နေတာပါ။ သွားချင်တာကမှ တစ်ပိုင်းကိုသေလို့။ အဲဒါကိုသိတဲ့ မင်းဆွေကလဲ “မင်း လျှောက်ပြောမနေနဲ့ သင်တန်း ၄ ရက် မှာ ၂ ရက်ပဲ သွားတဲ့ကောင်ကများ … ကြာတယ်ကွာ လိုက်မလားမလိုက်ဘူးလားပြော …. ရေဆင်းက ငါ့သူငယ်ချင်းကအလည်ခေါ်ထားတာ ကျော်ဇင်ကလဲ လိုက်မှာတဲ့“ ဒီလိုဆိုမဖြစ်ချေဘူး အဖော်ကောင်းတုန်းလေး သွားမှပါဆိုတဲ့ စိတ်နဲ့ ခေါင်းညိမ့်လိုက်တယ်ပေါ့။ “ဒါဆိုလဲ သွားတာပေါ့ဗျာ .. သွားတာကဟုတ်ပြီ ဘာနဲ့သွားကြမှာလဲ“
“ရထားနဲ့လေကွာ .. မင်း ရထားမစီးဖူးသေးဘူးဆို“ ဟုတ်တော့လဲဟုတ်သည် ကျွန်တော် ဒီအသက်အရွယ်ထိ ရထားမစီးဖူးသေးဘူး။ ကျွန်တော်တင်မကပါ ပခုက္ကူသား အများစုက ခရီးသွားရင် ရထားကိုသိပ်အားမကိုးကြပါဘူး။ ဒီလို ရင်ခုန်စရာကောင်းတဲ့ ခရီးစဉ်လေးမှာ တစ်ခါမှ မစီးဖူးသေးတဲ့ ရထားစီးပြီး သူလေးရှိရာ သွားရမှာကိုတွေးပြီး တစ်ကိုယ်ထဲ ပီတိတွေဖြာနေမိတယ်။ စိတ်ကူးလေးနဲ့ တွေးနေရင်း ရုတ်တရက် သတိရလို့ မင်းဆွေဘယ်လှည့်ပြီး

“သွားရအောင်လေ“
“ဘယ်တုန်းဟ“
“ဘူတာကြီးကို လက်မှတ်ဝယ်ရအောင်.. မနက်ဖြန် သင်တန်းပိတ်တယ်လေ“
“မင်းဟာကလည်း အရူးအမဲသားကျွေးမိသလိုတောင်ဖြစ်နေပြီ .. သွားချင်တော့လဲဇွတ်“
“မင်းပဲလာစပြီးတော့.. ခုမှတော့မရတော့ဘူး“
“အေးပါ .. ဟိုရောက်ရင်တော့ သေချာအပိုင်ချုပ်နော်“
“ပိုင်ပါတယ်ကွ“

ပြောမဲ့သာပြောလိုက်ရတယ် ကိုယ့်ကိုကိုယ်တော့ မယုံလှဘူး ။ ဟုတ်တယ်လေ ကျွန်တော်ဆိုတဲ့ကောင်က တစ်ခြားမိန်းကလေးတွေရှေ့ဆိုရင် ဘာမှမဖြစ်ဘူး .. အဲ .. သူ့ရှေ့ရောက်ရင်တော့ ဘယ်လိုကဘယ်လို ဖြစ်တယ်မသိ ဒူးတွေတုန်ပြီး ခြေကသိပ်မခိုင်တော့ဘူး .. ကုန်ကုန်ပြောရရင် သူ့ရှေ့တောင် ခပ်ရဲရဲဖြတ်မလျှောက်ရဲဘူး .. အဲဒီလိုကို ယုံကြည်မှုရှိတာ။
ဒီလိုနဲ့ ညနေရောက်တော့ မင်းဆွေနဲ့ ဘူတာကြီးသွား လက်မှတ်ဝယ်ပေါ့။ ကျွန်တော်က အသိတစ်ယောက်နဲ့တွေ့လို့စကားပြောနေတုန်း မင်းဆွေကလက်မှတ်သွားဝယ်လေရဲ့။ ဒါမျိုးတွေကြောင့် ဒီကောင့်ကို အားကိုးနေရတာ။ ခဏကြာတော့ အောင်နိုင်သူစစ်သူကြီးဟန်ပန်နဲ့ လက်မှတ်ကောင်တာကထွက်လာတဲ့ မင်းဆွေက

“ငါးခူ .. ငါတော်တယ်မို့လား ရှေ့ဆုံးရထားတွဲရဲ့ရှေ့ဆုံးတန်းခုံမှာရတယ်လေ .. ပခုက္ကူသားကွ “

ဘာမှလဲမဆိုင် .. သူကတော့အော်ကြီးဟစ်ကျယ်နဲ့ဂုဏ်ယူလို့မဆုံး.. အဲဒီခုံရရင် အဲဒီလောက်ပျော်နေရမှာ ဟုတ်မဟုတ်တော့ ရထားမစီးဖူးသူမို့မသိ။

“ကဲ .. ပခုက္ကူသားကြီး .. အဆင်ပြေတယ်ဆိုရင်လဲ ရုပ်ရှင်ကြည့်ရအောင် လစ်စို့ “
“အေး သွားတာပေါ့“

အပိုင်း(၂)ဆက်ရန် . . . .

ဆက်ကြည့်ရန်...

Friday 14 November 2008

အင်တာနက်ကိုမုန်းတဲ့တစ္ဆေ

>> "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

>>> သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

>> "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

>>> ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

>>> "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"

>>> သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

>>> "ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"

>>> "ဟား....သရဲဖြစ်ရတာပျော်လား"

>>> "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"

>>> "ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

>>> ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

>>> "ကျွန်မ အခုဘာလုပ်နေလဲ"

>>> တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...

>>> "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"

>>> "ကော်ဖီတွေ သိပ်မသောက်နဲ့လေ"

>>> "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"

>>> တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

>>> ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

>>> "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"

>>> "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"

>>> "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"

>>> "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"

>>> "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"

>>> "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"

>>> "ကောင်းပြီလေ"

>>> မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

>>> ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

>>> "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"

>>> "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"

>>> "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

>>> ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

>>> "ခင်ဗျားက ထူးခြားတယ်"

>>> "ဘာဖြစ်လို့လဲ"

>>> "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"

>>> "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"

>>> သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

>>> အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

>>> "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"

>>> ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...

>>> စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

>>> "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"

>>> ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။

>>> "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။

>>> "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"

>>> "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"

>>> "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

>>> ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

>>> မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

>>> "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"

>>> ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

>>> သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

>>> ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

>>> ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

>>> "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
>>> သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

>>> "နည်းနည်းတော့ ကြောက်မိပါတယ်"

>>> ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

>>> "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"

>>> "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"

>>> "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"

>>> "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။

>>> "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

>>> "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

>>> "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

>>> "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

>>> ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

>>> "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

>>> "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

>>> "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"

>>> မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

>>> "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

>>> စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

>>> "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"

>>> ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

>>> "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

>>> "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

>>> တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

>>> "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

>>> ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။

>>> "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

>>> "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

>>> "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

>>> "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

>>> ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။

>>> လေးထောင့်အခန်း......... ခန္ဓာကိုယ်....

>>> "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"

>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

>>> သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

>>> "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

>>> "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

>>> သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

>>> "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

>>> ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

>>> "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"

>>> "ဟုတ်တယ်"

>>> "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"

>>> "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

>>> "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

>>> ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

>>> "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

>>> မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

>>> "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

>>> "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

>>> ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

>>> "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

>>> နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

>>> ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။

>>> "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

>>> ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

>>> သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

>>> "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

>>> ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

>>> "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"

>>> "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

>>> သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

>>> "ကျွန်တော့်နာမည် -ko naing- ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

>>> "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ -nang mo-ပါ"

>>> ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။

>>> "-nang mo- ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"

>>> ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

>>> နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။



ဒီစာလေးကို ကျွန်တော်ရေးတာမဟုတ်ပါဘူး။ ဘယ်သူရေးမှန်းလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက်က E-Mail နဲ့ပို့လိုက်လို့ဖတ်ကြည့်မိရာက ကြိုက်သွားပြီးတင်ထားဖြစ်တာ ပါ။ စာရေးကောင်းလွန်းလို့(ကျွန်တော့်တစ်ကိုယ်ရေအထင်) ဒီဘလောခ့်လေးမှာတင်ပြီး အခြားသူတွေကိုလဲမျှဝေချင်လို့ပါ။ ဒီနေရာကနေပြီး မူရင်စာရေးသူကိုခွင့်တောင်းလိုက်ပါတယ်။ခေါင်းစဉ်မပါ လာလို့ ကျွန်တော့်ဘာသာ လိုက်မယ်ထင်တာလေးပေးလိုက်ပါတယ်။
ဆက်ကြည့်ရန်...

ခွက်ပဲ့လေး တစ်လုံး

ဒီ စာလေးကိုကျွန်တော် မနိုင်းနိုင်းစနေ ဘလောခ့်မှာဖတ်ဖြစ်ပြီး ကြိုက်လို့ မသိသေးသောသူငယ်ချင်းများကို ဝေငှရန်တင်ပေးလိုက်ပါသည်။ ဖတ်ကြည့်ပြီး နှစ်သက်၍ထင်မြင်ချက်လေးများပေးလိုလျှင် မနိုင်းနိုင်းစနေဘလောခ့်တွင်ပေးကြရန်မေတ္တာရပ်ခံအပ်ပါသည်။

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလို ဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်း ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့ အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး။

“မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?”

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။

“ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး” အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ်။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့် ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ ရှင်သန်နေရသူဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး “ ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်” လို့မေးလိုက်တယ်။

“မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ် စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေ တတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ” မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။

“ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း” ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ်။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။
................................................................................................................................


နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို “ ခဏနေ ဧည့်သည်လာရင် အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်” လို့ မှာတယ်။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ် ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ်။

ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။

“ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး” သားပန်းကန်ထဲ ဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ “မေမေ .. ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ” လို့ တောင်းဆိုလိုက်တယ်။

“သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေ သား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ”

အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။
................................................................................................................................

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။

“သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား” လို့ မြေးအကြီးက တောင်းဆိုတယ်။

“ဆရာမက ပြောတယ် “လူကြီးမိဘတွေကို ရိုသေလေးစားရမယ်” တဲ့။ မေမေ လုပ်ပုံက မဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား” မြေးမလေးက ဝင်ထောက်ပြန်တယ်။

“ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား” အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ်။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့... ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ်။

“ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း”

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ်။

“ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့”

အဲဒီအချိန်မှာ မြေးကြီးက “အဘွားကလဲကွာ.. ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့” ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ်။

“မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်က အရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?”

သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း ပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း ရေးသားသူ (Huang Shi Shou) 黃詩愁
မူရင်းလင့် http://www.epochtimes.com/b5/6/3/12/n1252142.htm

မနိုင်းနိုင်းစနေ၏မူရင်းစာမျက်နှာသို့သွားရန်


ဆက်ကြည့်ရန်...

Member Access Center ဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများ၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည်သင်းလုံး ကျွတ် အစည်းအဝေး အခမ်းအနားနှင့်အတူ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဖွင့်လှစ်ထားရှိ ပေးထားသော Member Access Center ဖွင့်ပွဲကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က လှိုင်မြို့နယ်၊ မြန်မာ့သတင်းအချက် အလက် နည်းပညာကော်ပိုရေးရှင်း အဆောက် အအုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Member Access Center တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ အသင်းဝင်များအနေဖြင့် အင်တာနက်အသုံးပြုခြင်း၊ နည်းပညာနှင့် အခြားဘာသာရပ်ဆိုင်ရာ e-Book များ ဖတ်ရှုလေ့လာနိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းအနေဖြင့် အသင်းဝင်များအတွက် အဓိကရည်ရွယ်၍ Member Access Center ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်ကြည့်ရန်...

အိုင်တီကုမ္ပဏီများ၏ ယိုပေါက် (သို့မဟုတ်) ၀န်ထမ်းများ၏ အလုပ်ချိန် အင်တာနက်အသုံးပြုမှု အခြေအနေ

အင်တာနက်အသုံးပြုမှုကြောင့် အလုပ်နှင့် အားလပ်ချိန်အကြား စည်းမခြားတော့ပြီ။ အလုပ်ချိန်ပြီး ဆုံးချိန်တွင် အလုပ်နှင့်သက်ဆိုင် သော mail များကို check လုပ်ကြသလို အလုပ်ချိန်တွင်လည်း ကိုယ်ရေးကိုယ်တာမေးလ်များကို ဖွင့်ဖတ်လာကြသူများ ဒုနှင့်ဒေး ရှိနေ ပြီဖြစ်သည်။
ထို့ပြင် ရုံးဖွင့်ရက်တွင် Facebook သို့မဟုတ် YouTube မှ အကြောင်းအရာတစ်ခုခုဖြင့် ရံဖန်ရံခါစိတ်ဖြေလျှော့ ကြရသူများ လည်းရှိနေကြသည်မဟုတ်ပါလော။

မကြာသေးမီက FaceTime Communicationsက က ပညာရှင်များအဖွဲ့က ဦးစီး၍ အိုင်တီလုပ်ငန်း မှ မန်နေဂျာ ၃၅၀ခန့်နှင့် user များကိုသုတေသနပြုလုပ်၍ အ လုပ်ချိန်တွင် အင်တာနက်အသုံးပြု ကြပုံနှင့် ထိုသို့အသုံးပြုပုံများက ၎င်းတို့၏ အိုင်တီလုပ်ငန်းဌာနများ တွင် မည်သို့သက်ရောက်စေသည် တို့ကိုလေ့လာစူးစမ်းခဲ့သည်။
အင်တာနက်အသုံးပြုသူ ၉၇ ရာခိုင်နှုန်းသည် အလုပ်ချိန်တွင် အင်တာနက် application တစ်ခု ထက် မနည်း အသုံးပြုကြလေ့ရှိ ပြီး၊ ၈၂ ရာခိုင်နှုန်းမှာ ၀က်ဘ်ကွန် ဖရင့်ကိုအသုံးပြုကြကြောင်း ထိုလေ့လာမှုတွင်ဖော်ပြသည်။ သို့ရာတွင် ၀က်ဘ်အသုံးပြုမှုများ၏ ဆိုးကျိုး များလည်းဖြစ်ပေါ်နေကြောင်း စစ် တမ်းကဆက်ဖော်ပြသည်။
လေ့လာမှုအရ အိုင်တီမန်နေ ဂျာများ၏ ၇၃ရာခိုင်နှုန်းသည် Spyware နှင့်ကပ်ပါလာလေ့ရှိ သော worm, Trojans နှင့် Virus များကဲ့သို့သော အင်တာနက်ဆက် စပ်တိုက်ခိုက်မှုများကို အမြဲတစေ ဖြေရှင်းရလျက်ရှိနေကြောင်းသိရ သည်။ ပျမ်းမျှအားဖြင့် တစ်လလျှင် တိုက်ခိုက်မှု ၃၄ခုခန့် အိုင်တီမန်နေဂျာများရင်ဆိုင်နေရပြီး ပုံမှန်တိုက် ခိုက်ခံရမှုတစ်ခုကို ပြင်ဆင်ဖြေရှင်း ရန် ၂၂နာရီကြာပြီး၊ အိုင်တီလုပ် သားတစ်ဦး၏ တစ်နာရီဒေါ်လာ ၇၀လုပ်ခနှင့်တွက်ချက်ပါက ကုမ္ပဏီတစ်ခုအနေဖြင့် ဒေါ်လာ ၅၀၀၀၀ ကုန်ကျစရိတ်ရှိကြောင်း စစ်တမ်းတွင် တွက်ချက်ဖော်ပြခဲ့ သည်။
ပေါင်းသင်းဆက်ဆံရေး ၀က်ဘ်ဆိုက်များနှင့် လူမှုဆက်ဆံ ရေး မီဒီယာဝက်ဘ်ဆိုက်များကို ရုံးချိန်အတွင်း ၀န်ထမ်းများက သုံး စွဲလေ့ရှိကြကြောင်း သိရသည်။ ထို သို့ သုံးစွဲရာတွင် ပုဂ္ဂိုလ်ရေး အကြောင်း စာရင်းကြောင့် (၈၂ ရာခိုင်နှုန်း)၊ အလုပ်ကိစ္စကြောင့် (၇၉) ရာခိုင်နှုန်းအသီးသီးသုံးစွဲနေ ကြကြောင်း စစ်တမ်းကဖော်ပြသည်။ အဆိုပါဝက်ဘ်ဆိုက်များ အနက် LinkedIn ကိုအလုပ်ကိစ္စ အတွက် အဓိကသုံးကြပြီး၊ You Tube, Facebook၊ နှင့် My-Space တို့ကို ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များဖြင့် သုံးစွဲကြကြောင်း သိရ သည်။
လုပ်ငန်းသုံး ကွန်ပျူတာများ ကို ကိုယ်ရေးကိုယ်တာကိစ္စ အတွက် သုံးကြခြင်းတွင် email ပို့ခြင်းမှာ အများဆုံးပြုလုပ်လေ့ရှိ သည့် အပြုအမူဖြစ်ကြောင်း သိရ သည်။ Email ပို့ရာတွင် မိတ်ဆွေ များနှင့်မိသားစုထံသို့ ပို့ခြင်းမှာ အများဆုံးဖြစ်ပြီး၊ web sunfing, အွန်လိုင်းဘဏ်၊ shopping၊ သို့ မဟုတ် ဓာတ်ပုံနှင့် video ၀က်ဘ် ဆိုက်များ ၀င်ကြည့်ခြင်း၊ မိတ်ဆွေ များ မိသားစုများထံ instant message ပို့ခြင်း၊ မိတ်ဆွေများကို ဆိုရှယ်ဝက်ဘ်ဆိုက်များမှ ဆက် သွယ်ခြင်းတို့ကို နှစ်သက်လေ့ရှိ ကြောင်း စစ်တမ်းက ဖော်ပြသည်။
အိုင်တီကုမ္ပဏီများကလည်း ၀န်ထမ်းများ၏ ၀က်ဘ်အသုံးပြုမှု ကို စောင့်ကြည့်လေ့လာလျက်ရှိ ကြသည်ဟု စစ်တမ်းက ဆိုသည်။ ထိုသို့ စောင့်ကြည့်လေ့လာရာတွင် လုပ်ငန်းကိစ္စ email များကို ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းက စောင့် ကြည့်လျက်ရှိပြီး ၆၅ ရာခိုင်နှုန်းက web browsing ကို စောင့်ကြည့် နေကြပြီး၊ ၄၈ ရာခိုင်နှုန်းက peer-to-peer file sharing နှင့် ၃၈ ရာခိုင်နှုန်းက social network activityက တို့ကို အသီးသီးစောင့် ကြည့်လေ့လာနေကြသည်ဟု ဆို သည်။
ဆက်ကြည့်ရန်...

Thursday 13 November 2008

Myanmar Font Downloads





ဆက်ကြည့်ရန်...

Guide For Installation Myanmar Font And The Way Of Using It

Installation method of Zawgyi Myanmar Font Keyboard to write in Myanmar


1. Click the NEXT button like showing in the Fig.




2. Choose the directory where you would like to install this program and then Click NEXT again.



3. Click NEXT to Run the Installation.

4. You will see a Dialog Box which is Running Installation.

5. After finished Installation, System will ask would you like to restart computer to complete installation , Click Ok and restart computer.

6. When computer reach desktop again, you can see the Keyboard shortcut in toolbar (right bottom of your screen) , click that shortcut and choose language to type.

ဆက်ကြည့်ရန်...

Wednesday 12 November 2008

လည်ပတ်သင့်တဲ့နေရာလေးတွေ



Mysteryzillion မြန်မာဖိုရမ်


ဘလောခ့်တစ်ခုဆောက်တော့မယ်ဆိုရင်


စေတန်ဂေါ့



ငပေါများဂေဟာ



ဘလောခ့်ကာ လမ်းညွှန်


နိုင်းနိုင်းစနေ


မြန်မာအိုင်အက်စ်ပီ


YAMC


မြန်မာမိသားစု

ဆက်ကြည့်ရန်...

Virgin Mobile


Virgin မိုဘိုင်းဟာသာမန်အ ဆင့်မျှသာဖြစ်သောဖုန်းအမျိုးအစား ဖြစ်ပါတယ်။ အခြေခံအင်္ဂါရပ်တွေ အကုန်ထည့်ပေးထားပြီး VGA ကင်မရာနှင့် Bluetooth တို့လို အဆင့်မြင့်အင်္ဂါရပ်တွေကိုထည့်ပေး ထားပါတယ်။ ဖုန်းခေါ်ဆိုမှုအရည် အသွေးဟာကောင်းမွန်လှပါတယ်။ ဒါ့အပြင်ပါဝင်လာတဲ့ Bluetooth ဟာလည်းအသံကြည်လင်ပြတ်သား မှုရှိပါတယ်။ ဆက်ကြည့်ရန်...

2008 Mitsubishi Lancer Evolution MR

2008 Mitsubishi Lancer Evolution MR ကားဟာ 2007 မော်ဒယ်ထက် အနည်းငယ် ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။Turbocharger cool engine နဲ့ဖြစ်ပြီး မြင်းကောင်ရေအား 305 rpm ရှိတဲ့ EVO ဆိုပြီး အင်ဂျင်နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ ဘီးလေးဘီးစလုံးမောင်းနှင်နိုင်တဲ့ All wheel drive system ဖြစ်ပြီး ကလပ်ကတော့ dual clutch manual ဖြစ်ပါတယ်။ Four Cylinder လေးလုံးထိုး အင်ဂျင်အမျိုးအစားဖြစ်ပြီး STI Standard အမျိုးအစားနဲ့ဆိုလျှင် 6 speed manual Gear အထိရရှိ နိုင်မှာဖြစ်ပါတယ်။ လေးလုံးထိုး အင်ဂျင်ဖြစ်ပေမယ့် ဆီစားသက်သာတဲ့ ကားတစ်စီးတော့ မဟုတ်ပါဘူး။ EPA Standard စစ်ဆေးမှု သတ်မှတ်ချက်အရ ဒီကားတွေဟာ ဆီတစ်ဂါလံကို မြို့တွင်းမှာဆိုရင် 17 မိုင်နှုန်းနဲ့ မြို့ပြင်ဟိုင်းဝေးမှာဆိုရင်တော့ 22 မိုင်အထိ မောင်းနှင်နိုင်မှာပါ။ 4.9 စက္ကန့်မှာ 60 mph အထိမောင်းနိုင်မယ့်ကားပါပဲ။

Turbo-Lag ဆိုတဲ့ အပူထိန်း စနစ်နဲ့ အဏုမြူစွမ်းအင် သုံးစွဲမှု နည်းတဲ့ကားတစ်စီးဖြစ်ပြီး ကောင်းမွန်တဲ့ စနစ်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး အနည်းငယ်တော့ ဈေးကြီးတဲ့ ကားတစ်စီးပါပဲ။ Body Style ကတော့ အနေတော်ပါပဲ။ ကြီးလည်း မကြီးသလို သေးလည်း မသေးပါဘူး။ ကားရဲ့အတွင်းခန်းကို လေ့လာကြည့်မယ်ဆိုရင်တော့ လျှပ်စစ်ပစ္စည်းတွေကို တော်တော်စုံစုံလင်လင် အသုံးပြုထားတာ တွေ့ရမှာ ပါ။ အဆင့်မြင့်ကောင်းမွန်တဲ့ လမ်းညွှန်စနစ်တွေကို ဦးစားပေးထည့် သွင်းပေးထားပြီး hard-drive system နဲ့ အသုံးပြုထားပါတယ်။ လမ်းညွှန်စနစ်က 30 GB ရှိတာကြောင့် သီချင်းတွေကို သိမ်းဆည်းထားနိုင်ဖို့အတွက်တော့ နေရာသိပ်မရှိပါဘူး။ သီချင်းနားထောင်ဖို့အတွက် Single CD Slot တစ်ခုပါဝင်ပြီး Radio နားထောင်ဖို့အတွက် ဂြိုဟ်တုရေဒီယိုတစ်ခု ပါဝင်ပါတယ်။ လမ်းညွှန်မြေပုံတွေကို ကြည်လင်ပြတ်သားအောင် တွေ့ရမှာဖြစ်ပြီး ခရီးလမ်းအကွာ အဝေးကိုလည်း အလျင်မြန်ဆုံး တွက်ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အသံပိုင်းစနစ်ဟာ ကောင်းမွန်တဲ့အဆင့်မှာ ရှိပါတယ်။ စပီကာရှစ်လုံးပါပြီး bass သံနဲ့ သီချင်းသံကို အကောင်းဆုံး နားဆင်နိုင်မှာပါ။ အသံချိန်ညှိခလုတ် equalization ပါဝင်ပြီး Rock, Hip-Hop, Pop သံစဉ်တွေ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Bluetooth စနစ်ပါဝင်တဲ့အတွက် Hands free စနစ်နဲ့ ဖုန်းပြောနိုင်မှာဖြစ်ပြီး အသံအရည်အသွေးကလည်း နှစ်သက်စရာ အကောင်းဆုံး ရနိုင်မှာပါ။ အသံ စနစ်ကောင်းမွန်တဲ့အပြင် touch screen စနစ်၊ internal phone-book စနစ်တွေပါဝင်ပြီး ဖုန်းနံပါတ်ကိုတော့ ကိုယ်တိုင်မှတ်သားရမှာပါ။ ကားအတွင်းက ပြည့်စုံမှုရှိနေပေမယ့် ထိုင်ခုံတွေက လိုအပ်သလို မရွှေ့လျားနိုင်တဲ့အတွက် သက်သောင့်သက်သာတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။ Mitsubishi Lancer Evolution MR ရဲ့အခြေခံဈေးနှုန်းကတော့ 38965 ဒေါ်လာဖြစ်ပြီး လမ်းညွှန်စနစ်နဲ့ Audio စနစ်တွေအတွက် 2550 ဒေါ်လာ၊ ဆေးအရောင်အတွက် 250 ဒေါ်လာဖြစ်ပြီး စုစုပေါင်းကုန်ကျငွေကတော့ ပစ္စည်းအစုံအလင်နဲ့ဆိုရင်တော့ 41765 ဒေါ်လာကုန်ကျပါ လိမ့်မယ်။
ဆက်ကြည့်ရန်...

၂၀၀၉ ခုနှစ်မှစတင်၍ရန်ကုန်တမြို.လုံးWi-Fi စနစ်အသုံးပြုနိုင်ရန် Survey ပြုလုပ်လျက်ရှိ

Tuesday, 11 November 2008
ရန်ကုန်၊ နိုဝင်ဘာ ၅
၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစတင်၍ ရန်ကုန်မြို့တွင်း Wi-Fi စနစ်အား အသုံးပြုနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လုပ်ကိုင်လျက်ရှိ ကြောင်းသိရှိရသည်။ အဆိုပါစီမံကိန်းအားအကောင်အထည်ဖော် နိုင်ရန်အတွက်ရန်ကုန်မြို့အတွင်း (၁၆) မြို့နယ်တွင် Wi-Fi စနစ်နှင့်ပတ်သက်၍ Survey များပြုလုပ်လျက် ရှိကြောင်းသိရှိရသည်။ “၂၀၀၉ ခုနှစ်မှာရန်ကုန်မြို့ တွင်း Wi-Fi စနစ်အသုံးပြုနိုင်ဖို့အတွက် မြို့တွင်း(၁၆) မြို့နယ်မှာ Survey တွေလုပ်နေပါတယ်။ အခု (၁၆) မြို့နယ်မှာ Survey လုပ်နေတယ်ဆိုတာကလည်းရန်ကုန်မြို့မှာရှိပြီး သားဖွင့်ပြီးသား Wi-Fi စနစ်တွေကိုဘယ်နေရာ တွေမှာသုံးလို့ရနေလဲ၊ဘယ် နေရာတွေမှာ ကျန်နေသေးလဲဆိုတာတွေကိုသိချင်တာရယ်။ နောက်တစ်ချက်ကတခြားသူတွေပါသုံးလို့ရ အောင်ဖွင့်ပေးထားတာ လား။ကိုယ်က Wi-Fi ဖွင့်ထားပြီးတခြားသူတွေ သုံးလို့ရနေတ်ာဆိုတာမသိလို့လားဆိုတဲ့အချက်တွေကိုအစ်ကိုတို့က survey ဆင်းတာပါ။ Wi-Fi စနစ်ကိုတခြားသူတွေသုံး လို့ရအောင်ဖွင့်ပေးထား တယ် ဆိုရင် လည်းဘယ်လိုအတိုင်းအတာအထိပေးမှာလဲ။ bandwidth ဘယ်လောက်အထိပေးမလဲဆိုတာတွေကို မေးမြန်းပြီး Wi-Fi City စီမံကိန်းမှာပါဝင်ဖို့ဆွေးနွေးမှာဖြစ်ပါတယ်။ Surveyဆင်းလို.ရ လာတဲ့အချက်တွေကိုကြည့်ပြီး Wi-Fi ကွန်ရက်မရှိတဲ့နေရာတွေမှာ wifi ကွန်ရက်တွေရအောင် ထောက်ပံ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ezy Network မှတာဝန်ရှိသူဦးညွန့်ဝင်းကအင်တာနက်ဂျာ နယ်သို့ပြောသည်။ “Survey ဆင်းထားတဲ့(၁၆)မြို့နယ်မှာဆိုရင်လက်ရှိအတိုင်း အတာအရ Wi-Fi ကွန်ရက်ကတော်တော်လေးလေးပွင့်နေတာကို တွေ့ရတယ်။ အစ်ကိုတို့ Survey ဆင်းဖို့ကျန်ခဲ့တာ ကဗိုလ်တထောင်မြို့နယ်တစ်ခုတည်းပါ။ ဒီမြို့နယ်က တော့ wifi ကွန်ရက်ကိုလုံးဝလွတ်နေတယ်။ ဒီလိုကျန်ခဲ့တဲ့နေရာတွေ က Wifi ကကွန်ရက်မရှိတဲ့အတွက်အစ်ကိုတို့အနေနဲ့ လုံးဝအထောက်အပံ့ ပေးရမယ့်နေရာတွေဖြစ်ပါတယ်။ ဒီဘက် ၁၆ မြို့နယ်ထဲကိုဝင်လာ တော့ ကွန်ရက်ရတဲ့နေရာတွေက တော်တော်လေးများတယ်။ မရတဲ့နေရာလေးတွေက ခပ်ကြဲကြဲရှိနေတဲ့အတွက် ကြောင့် လွတ်နေတဲ့နေ ရာလေးတွေမှာ ဖြည့်ပေးမှာဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်၁၆ မြို့နယ်ထဲမှာ Wi-Fi ကွန်ရက်ရရှိတဲ့နေရာက ၈၅%နှုန်းလောက်ရှိတယ်။ ဒီလိုရတဲ့ wifi ကွန်ရက် တွေထဲမှာတချို့ကွန်ရက်တွေက Open ရတာတွေလည်းရှိတယ်။ တချို့ကွန်ရက်က open မရတာတွေလည်းရှိပါတယ်။ ဒီလို open ဖွင့်ပေးထာတဲ့သူ တွေကို တကယ်ပဲ ဖွင့်ပေးထားတာလား။ မသိလို့ ဖွင့်ပေးထားတာလားဆိုတာတွေကိုလည်း မေးမြန်းမှာဖြစ်ပါတယ်။ Wi-Fi စနစ်ကိုအစကတည်းက ပေးထားတာပါဆိုရင် စီမံကိန်းထဲမှာပါလာပါပြီ။ မသိလို့ပေးထား တာဆိုရင်လည်းဆက်ပေးပါ။ ဒီဘက်ကနေ Link Provideန လုပ်ပေးမယ်ဆိုပြီးဆွေး နွေးပေးသွား မှာဖြစ်ပါတယ်” ဟု ၎င်းင်းမှ ထပ်မံ ပြောကြားခဲ့သည်။ ယခုလက်ရှိအချိန်တွင် Wi-Fi City စီမံကိန်းအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပြီးအဆိုပါစီမံကိန်းအား ဒီဇင်ဘာလအကုန်တွင်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်ဇန်န၀ါရီလမှစတင်၍ Wi-Fi ကွန်ရက်အားအသုံးပြုနိုင် တော့ မည်ဟုသိရှိရသည်။ ဆက်ကြည့်ရန်...

ဘူးတွေဖွင့်နိုင်မည့် ကိရိယာ


လှပတဲ့ထုတ်ကုန်လေးပါ။ အမျိုးသမီးလေးတွေအကြိုက် ဒီဇိုင်းရေးဆွဲထားတဲ့အရာလေးပါ။ OpenX opener လို့ခေါ်ပါတယ်။ဘူးတွေကိုဖွင့်မယ်ဆိုလျှင်တော့ အခြားပစ္စည်းတွေ လိုက်ရှာစရာမလိုဘဲဒီပစ္စည်းလေးတစ်ခုတည်းနဲ့ကို အဆင်ပြေအောင် ဖွင့်နိုင်မှာဖြစ်ပါတယ်။ဓားသွားလေးတွေကို ဆိုဒ်မျိုးစုံအောင်ထည့်ပေးထားပါတယ်။ သုံးစွဲရတာကလည်းလွယ်ကူပါတယ်။ ဒါပေမယ့် ဘယ်သန်တွေ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်ဒေါ်လာ နှုန်းနဲ့ရောင်းချပေးမှာပါ။ ဆက်ကြည့်ရန်...

Grand Royal Challenge Cup'08

Grand Royal Challenge Cup'08 အဖြစ် နိုင်ငံပေါင်း (၆)နိုင်ငံမှ ဘောလုံး အသင်းများ ဖိတ်ခေါ်ပြိုင်ပွဲ အဖြစ် (၁၁၊၁၁၊၂ဝဝ၈) ရက်မှ (၂၁၊၁၁၊၂ဝဝ၈) ရက်အထိ မြန်မာနိုင်ငံတွင် ကျင်းပသွားမည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို (၄၊၁၁၊ ၂ဝဝ၈)ရက်၊ နေ့လယ် (၁)နာရီက ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က (၆)နိုင်ငံမှ ပြိုင်ပွဲဝင် အသင်းများနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ International Beverages Trading Co., Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မိုးကျော်က ပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် သဘောထား ခံယူချက်များ ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘဏ္ဏာရေးမှူး ဦးသန်းဇော်မှ ပြိုင်ပွဲ ကျင်းပရေး အတွက် စီစဉ် ထားရှိမှုများကို ရှင်းလင်း ပြောကြား ခဲ့ကြသည်။ သည့်နောက်တွင် ဖိတ်ကြား ခံရသည့် စာနယ်ဇင်းများနှင့် ဧည့်သည်တော်များမှ သိလိုသည့် အချက်အလက်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပြီးနောက် တက်ရောက် လာကြသူများကို အစားအသောက်များနှင့် တည်ခင်း ဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယခု ကျင်းပ ပြုလုပ်မည့် ပြိုင်ပွဲသည် တတိယ အကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး မြန်မာ လူမျိုးတိုင်းတွင် ထားရှိသည့် အမျိုးသားရေး မျိုးချစ်စိတ်တို့ကို အရင်းခံကာ ကျင်းပခြင်း ဖြစ်ကြောင်း၊ ပထမဆုံး အကြိမ်ကို (၂ဝဝ၅)ခုနှစ်က ရန်ကုန်မြို့၊ ဒုတိယ အကြိမ်ကို (၂ဝဝ၆)ခုနှစ်က မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး ယခု တတိယ အကြိမ် (၂ဝဝ၈)ခုနှစ်ကို ရန်ကုန်မြို့မှာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ Grand Royal Challenge Cup'08 မှာ ပါဝင်မည့် ပြိုင်ပွဲ အသင်းများမှာ မြန်မာ လက်ရွေးစင် အသင်း၊ မလေးရှား လက်ရွေးစင် အသင်း၊ ဗီယက်နမ် အိုလံပစ် အသင်း၊ အင်ဒိုနီးရှား လက်ရွေးစင်အသင်း၊ ကိုရီးယား အူလ်ဆန်ဟွန်ဒိုင်း အသင်းနှင့် ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အသင်းတို့ ဖြစ်ပြီး ပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး၊ ညနေ (၃)နာရီတိုင်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပေးမည့် ဆုကြေးများမှာ ပထမဆု အမေရိကန် ဒေါ်လာ (၁၅ဝဝဝ)၊ ဒုတိယဆု အမေရိကန် ဒေါ်လာ (၇၅ဝဝ)တို့ အပြင် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ပြိုင်ပွဲ တစ်ပွဲချင်းစီ အတွက် အကောင်းဆုံး အားကစား ဆုများလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း Grand Royal Challenge Cup'08 ကို အဓိက ကူညီ ပံ့ပိုးသည်မှာ Grand Royal Whisky မှဖြစ်ပြီး Co-sponser အဖြစ် ပံ့ပိုး ကူညီသူများမှာ Air Bagan ၊KBZ Bank ၊ Alpine သောက်ရေသန့်၊ Calsome ကွေကာ၊ Laser သွားတိုက်ဆေး၊ One Tea နို့ဆီနှင့် ဂေါ်ဇီလာ ခြင်နိုင်ဆေးတို့ ဖြစ်ကြောင်း သိရသည်။ Grand Royal Whisky မှ ကူညီ ပံ့ပိုးငွေမှာ မြန်မာကျပ်ငွေ သိန်းပေါင်း (၅ဝဝဝ)ကျပ် ဖြစ်ပြီး Co-sponser များမှ ကူညီ ပံ့ပိုးငွေများမှာ ကျပ် သိန်း (၂ဝဝ၊၁ဝဝ၊၇၅) သိန်းတို့ ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ပွဲစဉ်များမှာ အုပ်စု(က)တွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(ခ)တွင် ဗီယက်နမ် အိုလံပစ် အသင်း၊ ကိုရီးယားဟွန်ဒိုင်း ကလပ်အသင်း၊ မလေးရှား အသင်းတို့ ဖြစ်ကြသည်။ ပွဲစဉ်(၁)မှာ (၁ဝ၊၁၁၊၂ဝဝ၈) ရက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ အသင်း၊ ပွဲစဉ်(၂)မှာ (၁၂၊၁၁၊၂ဝဝ၈) ရက်တွင် ဗီယက်နမ် အိုလံပစ် အသင်းနှင့် မလေးရှား အသင်း၊ ပွဲစဉ်(၃)မှာ (၁၃၊၁၁၊၂ဝဝ၈)ရက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှား အသင်း၊ ပွဲစဉ်(၄)မှာ (၁၄၊၁၁၊၂ဝဝ၈) ရက်တွင် မလေးရှားနှင့် ကိုရီးယား အွန်ဒိုင်းကလပ် အသင်း၊ ပွဲစဉ်(၅)မှာ (၁၅၊၁၁၊၂ဝဝ၈) ရက်တွင် အင်ဒိုနီးရှားနှင့် မြန်မာ အသင်း၊ ပွဲစဉ်(၆)မှာ (၁၆၊၁၁၊၂ဝဝ၈) ရက်တွင် ကိုရီးယား ဟွန်ဒိုင်းကလပ် အသင်းနှင့် ဗီယက်နမ် အသင်း၊ ပွဲစဉ်(၆)မှာ (၁၈၊၁၁၊ ၂ဝဝ၈)ရက်တွင် အကြို ဗိုလ်လုပွဲ (၁)အဖြစ် အုပ်စု(က)ပထမနှင့် အုပ်စု(ခ) ဒုတိယ၊ ပွဲစဉ်(၈)မှာ (၁၉၊၁၁၊၂ဝဝ၈) ရက်တွင် အကြို ဗိုလ်လုပွဲ (၂)အဖြစ် အုပ်စု (ခ)ပထမနှင့် အုပ်စု(က) ဒုတိယ၊ ပွဲစဉ်(၉)မှာ (၂၁၊၁၁၊၂ဝဝ၈) ရက်တွင် ဗိုလ်လုပွဲ အဖြစ် ပွဲစဉ်(၇)အနိုင်ရ အသင်းနှင့် ပွဲစဉ်(၈) အနိုင်ရ အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ လက်မှတ်ခ ဝင်ကြေးမှာ ရိုးရိုးတန်း(၁ဝဝဝ)ကျပ်၊ အထူးတန်း (၂ဝဝဝ)ကျပ် သတ်မှတ်ထားပြီး cash down စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ပွဲစဉ်များ အားလုံးကို မြန်မာ့ ရုပ်မြင်သံကြားတွင် တိုက်ရိုက် ပြသ သွားမည်ဟုလည်း သိရှိရသည်။
ဆက်ကြည့်ရန်...

10th Anniversary ICT Exhibition ကျင်းပ

Tuesday, 04 November 2008
ရန်ကုန်၊ အောက်တိုဘာ ၃၁
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့်ကွန်ပျူတာအသင်းများ၏ ၁၀နှစ်ပြည့်အထိမ်းအမှတ် သတင်းအချက်အလက်နှင့်နည်းပညာပြပွဲ 10th Anniversary ICT Exhibition(MCF, MCPA, MCIA, MCEA) ဖွင့်ပွဲအခမ်းအနားအား ၂၀၀၈ခုနှစ်အောက်တိုဘာလ ၃၁ ရက်နံနက်(၉)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်း ရှိ တပ်မတော်ခန်းမတွင်ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင်ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၊ အီလက်ထရောနစ်အမျိုးသား အဆင့်လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့အဖွဲ့ဝင် ဦးအောင်မြင့်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် နှင့်အသင်းများမှတာဝန်ရှိသူများနှင့်ဧည့်သည်တော်များတက်ရောက် ခဲ့ကြောင်းသိရှိရသည်။ အခမ်းအနားတွင် အီလက်ထရောနစ်အ မျိုးသားအဆင့်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဦးမှ ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌဦးခွန်ဦးနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဒေါ်ဝါ၀ါထွန်းတို့မှ ကွန်ပျူတာ အသင်းများ ၏ဆယ်နှစ်ပြည့်အထိမ်းသတင်းအချက် လက်နှင့်နည်းပညာပြပွဲ အားဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။ လက်နှင့်နည်းပညာပြပွဲ အားဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော ဧည့်သည်တော်များမှပြခန်းအတွင်း လှည့်လည်ကြည့် ရှုခဲ့ကြသည်။အဆိုပါသတင်းအချက်အ လက်နှင့်နည်းပညာပြပွဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအ၀င် ကုမ္ပဏီပေါင်း (၆၅)ခု တို့မှပြခန်းပေါင်း(၁၅၆)ခန်း ကိုဖွင့်လှစ်ပြသ ရောင်းချပေးခဲ့ကြောင်း သိရ သည်။ အဆိုပါပြပွဲတွင် အိုင်တီ ကုမ္ပဏီများ၊ အီလက်ထရောနစ် ကုမ္ပဏီများနှင့် မိုဘိုင်း ကုမ္ပဏီများက နောက်ဆုံးပေါ်နည်းပညာအသစ်အဆန်း များကိုပြသပေး ခဲ့ကြသည်။ ပြခန်း ပေါင်း(၁၅၆) ခန်းတွင်ဟာ့ဒ်ဝဲပိုင်းနှင့်ပတ်သက်၍ ပြသသောပြခန်းမှာဆော့ဖ်ဝဲပိုင်းနှင့် ပတ်သက် ၍ ပြသသောပြခန်းများထက်ပိုများသည်ကိုတွေ့ရှိခဲ့ရသည်။ ဟာ့ဒ်ဝဲပိုင်းတွင်laptop နှင့်ပတ်သက်၍ ပြသရောင်းချမှုပိုမိုများပြားခဲ့ပြီး ဆော့ဖ်ဝဲပိုင်းတွင်မူကွန်ပျူတာ အသုံးချ ဆော့ဖ်ဝဲပြခန်းအနည်းငယ်နှင့် မိုဘိုင်းနှင့်ပတ်သက်သော မိုဘိုင်းဆော့ဖ်ဝဲပြခန်းများကို ပြသ ရောင်းချခဲ့ကြကြောင်း သိရသည်။
ဆက်ကြည့်ရန်...

Tuesday 11 November 2008

ဒီနေ့ ဘာသတင်းထူးလဲ ။

သမ္မတဘုရှ်နဲ့ အရွေးကောက်ခံသမ္မတ အိုဘားမား ပထမအကြိမ် တွေ့ဆုံ


အမေရိကန်သမ္မတ ဂျော့ခ်ျ ဘုရှ် (George Bush)နဲ့  သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရတာ လတ်လတ်ဆတ်ဆတ်လေးပဲရှိသေးတဲ့ ဘရက်ခ် အိုဘားမား (Barack Obama) ဟာအင်္ဂါနေ့က အိမ်ဖြူတော် သမ္မတရုံးခန်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီး တိုင်းပြည်မှာလက်ရှိကြုံ တွေ့နေရတဲ့ အခက်အခဲ တွေကို ခေါင်းချင်းဆိုင်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။

သတင်း။ ဗီအိုအေ
ဆက်ကြည့်ရန်...

ဖတ်စေချင်တဲ့စာအုပ်လေးတွေ



ဆက်ကြည့်ရန်...