Tuesday, 11 November 2008
ရန်ကုန်၊ နိုဝင်ဘာ ၅
၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစတင်၍ ရန်ကုန်မြို့တွင်း Wi-Fi စနစ်အား အသုံးပြုနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လုပ်ကိုင်လျက်ရှိ ကြောင်းသိရှိရသည်။ အဆိုပါစီမံကိန်းအားအကောင်အထည်ဖော် နိုင်ရန်အတွက်ရန်ကုန်မြို့အတွင်း (၁၆) မြို့နယ်တွင် Wi-Fi စနစ်နှင့်ပတ်သက်၍ Survey များပြုလုပ်လျက် ရှိကြောင်းသိရှိရသည်။ “၂၀၀၉ ခုနှစ်မှာရန်ကုန်မြို့ တွင်း Wi-Fi စနစ်အသုံးပြုနိုင်ဖို့အတွက် မြို့တွင်း(၁၆) မြို့နယ်မှာ Survey တွေလုပ်နေပါတယ်။ အခု (၁၆) မြို့နယ်မှာ Survey လုပ်နေတယ်ဆိုတာကလည်းရန်ကုန်မြို့မှာရှိပြီး သားဖွင့်ပြီးသား Wi-Fi စနစ်တွေကိုဘယ်နေရာ တွေမှာသုံးလို့ရနေလဲ၊ဘယ် နေရာတွေမှာ ကျန်နေသေးလဲဆိုတာတွေကိုသိချင်တာရယ်။ နောက်တစ်ချက်ကတခြားသူတွေပါသုံးလို့ရ အောင်ဖွင့်ပေးထားတာ လား။ကိုယ်က Wi-Fi ဖွင့်ထားပြီးတခြားသူတွေ သုံးလို့ရနေတ်ာဆိုတာမသိလို့လားဆိုတဲ့အချက်တွေကိုအစ်ကိုတို့က survey ဆင်းတာပါ။ Wi-Fi စနစ်ကိုတခြားသူတွေသုံး လို့ရအောင်ဖွင့်ပေးထား တယ် ဆိုရင် လည်းဘယ်လိုအတိုင်းအတာအထိပေးမှာလဲ။ bandwidth ဘယ်လောက်အထိပေးမလဲဆိုတာတွေကို မေးမြန်းပြီး Wi-Fi City စီမံကိန်းမှာပါဝင်ဖို့ဆွေးနွေးမှာဖြစ်ပါတယ်။ Surveyဆင်းလို.ရ လာတဲ့အချက်တွေကိုကြည့်ပြီး Wi-Fi ကွန်ရက်မရှိတဲ့နေရာတွေမှာ wifi ကွန်ရက်တွေရအောင် ထောက်ပံ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ezy Network မှတာဝန်ရှိသူဦးညွန့်ဝင်းကအင်တာနက်ဂျာ နယ်သို့ပြောသည်။ “Survey ဆင်းထားတဲ့(၁၆)မြို့နယ်မှာဆိုရင်လက်ရှိအတိုင်း အတာအရ Wi-Fi ကွန်ရက်ကတော်တော်လေးလေးပွင့်နေတာကို တွေ့ရတယ်။ အစ်ကိုတို့ Survey ဆင်းဖို့ကျန်ခဲ့တာ ကဗိုလ်တထောင်မြို့နယ်တစ်ခုတည်းပါ။ ဒီမြို့နယ်က တော့ wifi ကွန်ရက်ကိုလုံးဝလွတ်နေတယ်။ ဒီလိုကျန်ခဲ့တဲ့နေရာတွေ က Wifi ကကွန်ရက်မရှိတဲ့အတွက်အစ်ကိုတို့အနေနဲ့ လုံးဝအထောက်အပံ့ ပေးရမယ့်နေရာတွေဖြစ်ပါတယ်။ ဒီဘက် ၁၆ မြို့နယ်ထဲကိုဝင်လာ တော့ ကွန်ရက်ရတဲ့နေရာတွေက တော်တော်လေးများတယ်။ မရတဲ့နေရာလေးတွေက ခပ်ကြဲကြဲရှိနေတဲ့အတွက် ကြောင့် လွတ်နေတဲ့နေ ရာလေးတွေမှာ ဖြည့်ပေးမှာဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်၁၆ မြို့နယ်ထဲမှာ Wi-Fi ကွန်ရက်ရရှိတဲ့နေရာက ၈၅%နှုန်းလောက်ရှိတယ်။ ဒီလိုရတဲ့ wifi ကွန်ရက် တွေထဲမှာတချို့ကွန်ရက်တွေက Open ရတာတွေလည်းရှိတယ်။ တချို့ကွန်ရက်က open မရတာတွေလည်းရှိပါတယ်။ ဒီလို open ဖွင့်ပေးထာတဲ့သူ တွေကို တကယ်ပဲ ဖွင့်ပေးထားတာလား။ မသိလို့ ဖွင့်ပေးထားတာလားဆိုတာတွေကိုလည်း မေးမြန်းမှာဖြစ်ပါတယ်။ Wi-Fi စနစ်ကိုအစကတည်းက ပေးထားတာပါဆိုရင် စီမံကိန်းထဲမှာပါလာပါပြီ။ မသိလို့ပေးထား တာဆိုရင်လည်းဆက်ပေးပါ။ ဒီဘက်ကနေ Link Provideန လုပ်ပေးမယ်ဆိုပြီးဆွေး နွေးပေးသွား မှာဖြစ်ပါတယ်” ဟု ၎င်းင်းမှ ထပ်မံ ပြောကြားခဲ့သည်။ ယခုလက်ရှိအချိန်တွင် Wi-Fi City စီမံကိန်းအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပြီးအဆိုပါစီမံကိန်းအား ဒီဇင်ဘာလအကုန်တွင်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်ဇန်န၀ါရီလမှစတင်၍ Wi-Fi ကွန်ရက်အားအသုံးပြုနိုင် တော့ မည်ဟုသိရှိရသည်။
Wednesday, 12 November 2008
၂၀၀၉ ခုနှစ်မှစတင်၍ရန်ကုန်တမြို.လုံးWi-Fi စနစ်အသုံးပြုနိုင်ရန် Survey ပြုလုပ်လျက်ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment