Friday 19 June 2009

iPhone 3G ကို ကလိရအောင်

ကဲ Iphone ချစ်တဲ့ကိုကိုမမတို့ကို သတင်းလေးတစ်ခုပေးပါရစေ။ သိပြီးသားဆိုရင်လဲအရင်ကြိုတောင်းပန်ထားမယ်နော်။ Iphone သုံးတဲ့သူများအနေနဲ့ Apple ရဲ့ App Store ကနေပြီးတော့ Iphone အတွက် Application မျိုးစုံကို download ချသုံးရတယ်ဆိုတာသိပြီးဖြစ်မှာပါ။ ဒါပေမယ့် တစ်ချို့သော user များအနေနဲ့ 3rd party application တွေကို ဘယ်လိုရယူသုံးစွဲနိုင်သလဲဆိုတာသိမှာမဟုတ်ပါဘူး။ ဒါကြောင့် အချင်းချင်းလက်တို့တဲ့အနေနဲ့ ဒီပိုစ့်လေးတင်လိုက်ရတာပါ။ 3rd party application ဆိုတာဘာလိုဟာမျိုးကိုပြောတာလဲလို့မေးရင် Apple ရဲ့ တရားဝင် App Store ကနေပြီးတော့ရယူတာမဟုတ်တဲ့အခြားသော Application များကိုခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီ 3rd party application တွေက များသောအားဖြင့်


Free application တွေပါပဲ။ App store ထက်သာတဲ့ အချက်က ပိုမိုကောင်းမွန်တဲ့ Application များရှိလို့ပါပဲ။ ဥပမာအနေနဲ့ App store မှာ ဘယ်လိုမှမရနိုင်တဲ့ video recorder လိုမျိုး application တွေက 3rd party တွေမှာပဲရနိုင်ပါတယ်။ ဒါကြောင့် iphone user တွေဟာ jailbreaker software တွေနဲ့ 3rd party application တွေကို download ရယူနိုင်တဲ့ installer , cydia တို့လိုမျိုး application downloader တွေကို iphone ထဲကိုသွင်းကြပါတယ်။ အခု မြန်မာက iphone user တွေလဲစိတ်ဝင်စားတယ်ဆိုရင် အောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုကို ဒေါင်းလုပ်လုပ်ပြီးလွယ်လွယ်ကူကူနဲ့ application တွေရယူနိုင်ပါပြီ။
Quickpwn software(to make jailbreak)
http://ifile.it/18970m2
Iphone latest firmware (2.2.1 H511)
http://appldnld.apple.com.edgesuite....a_Restore.ipsw

Quickpwn နဲ့ iphone firmware ကို download လုပ်ပြီးပြီဆိုရင်တော့ အောက်ပါအတိုင်းပြုလုပ်ပါ။
၁။ quickpwn setup ကို run ပါ
၂။ Iphone နဲ့ computer ချိတ်ဆက်ပြီးဖြစ်ပါစေ။
၃။ ပထမဆုံးပေါ်လာတဲ့ quickpwn program page မှာ next ကိုနှိပ်ပါ။
၎။ သင်ဒေါင်းလုပ်လုပ်ထားသော iphone firmware ကို browse တွင်ရှာပေးလိုက်ပါ။
၅။ iphone recovery state အတွက် ခေတ္တစောင့်ပါ။
၆။ Home button ကိုနှိပ်ထားပါဟုပြောလျှင် မလွှတ်တမ်းဖိထားပါ။
၇။ power button နှင့် home button ပူးတွဲဖိနှိပ်ထားပါဟုပြောလျှင် ယခင် home button နှိပ်ထားသော လက်ကိုမဖြုတ်ပဲ power button ပါထပ်နှိပ်ထားပေးပါ။
၈။ power button ဖြုတ်ပြီး home button သာ နှိပ်ထားပါဟုပြောလျှင် home button နှိပ်ထားသောလက်ကိုသာဆက်လက်ဖိထားပါ။
၉။ jailbreak successful ဟုပြပါလိမ့်မည်။ သင့်၏ဖုန်း restart လုပ်နေပါပြီဟုပြောလျှင် home button နှိပ်ထားသောလက်ကိုလွှတ်နိုင်ပါပြီ။
၁၀။ ဖုန်း restart ပြန်တက်လာလျှင် home screen မှာ cydia , installer , quickpwn icon အသစ် ၃မျိုးကိုမြင်နိုင်ပါတယ်။

cydia မှာ videorecorder3g ဟုရိုက်ပြီး iphone တွင် video ရိုက်ရန် application ကိုရှာနိုင်ပါသည်။
videorecorder3g application မှာ free ware မဟုတ်ပါ။ သို့သော် ကျွန်တော့်တွင်ရှိသော registeration code မှာ xumiqdikni ဖြစ်ပါတယ်။ စစအသုံးပြုခြင်းမှာ registration code ရိုက်ပေးလိုက်ပါ။ case sensitive ဖြစ်ပါသဖြင့် ရှေ့ဆုံး x မှာ အသေးဖြစ်ရန်ဂရုစိုက်ပါ။ အခြားသော 3rd party application များကိုတော့ ကိုယ်တိုင်ရှာကာအသုံးပြုကြပါ။ cydia ကော installer ပါ application downloader တွေပါပဲ။
အားလုံး iphone ကိုင်ရင်စိတ်ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment