အားလုံးအိပ်မက်ဆိုးက နိုးထသင့်နေပါပြီ မနိုးကြသေးပဲဆက်လက်မက်နေအုံးမယ်ဆိုရင်ဖြင့် နောက်မျိုးဆက်သစ်တွေအတွက်ရင်လေးစရာကောင်းနေလို့ပါ။ဘာအတွက်ကြောင့်နှစ်၄၀ကျော် ၅၀နီးပါကြာအောင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖက်ပြိုင်နေကြတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်ရပါတယ်။လူကြီးတွေကိုတိုင်က
တစ်ယောက်တစ်မျိုးဆိုနောက်မျိုးဆက်သစ်တွေကလည်းတစ်ယောက်တစ်မျိုး မျိုးဆက်သစ်တွေဖြစ်လာမှာဖြစ်တဲ့အတွက် စည်းလုံးကြဖို့စဉ်းစားသင့်ပါပြီ။ ကျွန်တော်တို့ဘိုးဘွားတွေကအသက်နဲ့ရင်းပြီးနိုင်ငံကိုတည်ထောင်ပေးသွားတာပါဒါကိုထိန်းသိမ်းရုံပဲလိုတဲ့
ကျွန်တော်တို့ကမထိန်သိမ်းနိုင်ဘူးဆိုဘိုးဘွားတွေမျက်နှာကိုအိုးမဲသုတ်ရာကြသလိုနိုင်ငံတကာအလယ်မှာ
ရှက်စရာကောင်းလှပါတယ်.ခုတော့ကိုယ့်အမျိုးသားရေးပြသာနာကိုတစ်ပါးသူဆီအကူအညီတောင်းခံနေရသည်မှာ
ရှက်စရာကောင်းသလိုကိုယ့်အမျိုသားချင်း စည်းလုံးစွာလုပ်ကိုင်နိုင်စွမ်းမရှိကြောင်းပြသနေသကဲ့သို့ရှိနေသည်။ယခုချိန်တွင် မည်သူ့ကိုမျှ အပြစ်တင်စကားမပြောလိုပါ ညီအကိုမောင်နှမ တိုင်းရင်းသားအားလုံးစည်းလုံးစွာနဲ့ပြည်ထောင်စုအဓွန့်ရှည်တည်တန့်ဖို့ကြိုးစာကြပါရန်တိုက်တွန်းးချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သိလိုက်ရသည်မှာ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဟာ တိုင်းရင်းသားချင်းပွင့်လင်းစွာထုတ်ဖော်လုပ်ဆောင်ချင်းမရှိသောကြောင့်ဟုထင်မြင်မိပါသည်။မြန်မာလူမျိုးတို့၏
ထုံးတမ်းစဉ်လာအတိုင်းရှေ့ ကဦးဆောင်မလုပ်နိုင်ကြပဲအပစ်တင်ကဲ့ရဲနေကြခြင်းကများသည်ဟု ထင်မြင်မိပါသည်။မည်သည့်ဖက်မှတထစ်ချမလိုက်လိုပါ သို့သော် လူထုအတွက်စဉ်းစားသော ကိုယ်စားပြုသောအဖွဲ့စည်းကိုမူထောက်ခံအားပေးရမည်ဖြစ်သည်။ ညီအကိုမောင်နှမသားချင်း သွေးချောင်းစီးနေသော အဖြစ်မျိုးမှရှောင်ကြဉ်သင့်ကြပါပြီ။ ထိုသို့ဆောင်ရွက်ရန်အတွက် မူဝါဒတစ်ချို့  ချမှတ်ရန်လိုအပ်ပါသည်။ ၎င်းမှာ ၁. လက်ရှိဖြစ်ပေါ်လျက်ရှိသော ပြသာနာများစွာအတွက် တရားခံရှာခြင်းထက် အားလုံးစုပေါင်းကာအကောင်းဆုံးနှင့်လုပ်ကိုင်ရန်အဆင်ပြေဆုံးယာရီမူဝါဒချမှတ်ရန်။ ၂. ၎င်းမူဝါဒကို အခြေခံပြီး ယာယီခေါင်းဆောင်ရွေးချယ်ရန် ၃.သက်ဆိုင်ရာတိုင်းရင်းသား လူမျိုးများအားလည်း တာဝန်ခွဲဝေကာ ပေးအပ်ရန်။ ၄. အကြမ်းဖက်မှုနှင့် တစ်ဦးတည်း အာဏာချုပ်ကိုင်ထားမှုကိုတားဆီးရန့််။၅.နိုင်ငံတွင်လက်နက်ကိုင်စစ်တပ်အဖွဲ့စည်းတစ်ခုသာ ထားရှိရန်။၆.ကြားနေသော နိုင်ငံကြားရေးမူဝါဒထားရှိရန်။ ကျွန်တော့တွင်မည်သည့်အတွေ့ကြုံ မှမရှိသော်ငြားလည်း မိမိ၏ကိုယ်ပိုင် ထင်မြင်ချက်ကို မျှဝေချင်သော စိတ်သက်သက်ဖြင့်သာရေးသားခြင်းဖြစ်ပါသည်။ ကိုယ်ကျိုးထက် တစ်မျိုးသားလုံးအတွက် ခေါင်းဆောင်နိုင်သော ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်းမျိုးမြန်မာ့ရာဇဝင် တွင်ထပ်မံ ပေါ်ထွက်လာစေချင်သော ဆန္ဒဖြင့် ရေးသားခြင်းဖြစ်ပါသည်။
ဆက်ကြည့်ရန်...
Monday, 2 February 2009
အိပ်မက်ဆိုးမှနိုးထစေသော်
Sunday, 25 January 2009
သက်ငယ်စကား သက်ကြီးကြားစေရန်
ကျွန်တော်ငယ်ငယ်တုန်းက အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့ စာအုပ်ကိုယူပြီး ပုံတွေဆွဲမိပါတယ်။ သူငယ်ချင်းက ဆရာမကိုတိုင်တော့ ကျွန်တော်ကိုခေါ်ပြီး ဆုံးမပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော် သူတပါး ထိခိုက်မယ့် ကိစ္စမျိုးကို အတတ်နိုင်ဆုံးရှောင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ကို ဆရာမပြောခဲ့တဲ့ စကားလေးက “ကိုယ့်မကြိုက်တဲ့ အပြုမူကို သူတပါးအပေါ်မှာလဲ မလုပ်ပါနဲ့တဲ့”။ အခုဆရာမ ဆုံးမခဲ့သလို ဆုံးမပေးဖို့ ကိစ္စပေါ်လာပါပြီ။ အရင်တလောက Online Movie ဆိုဒ်နှစ်ခု စကားများရန်ဖြစ်ကြပြီး လူငှားရိုက်ဖို့လောက်ထိဖြစ်ခဲ့တာကိုမှတ်မိမယ်ထင်ပါတယ်။ မသိတဲ့သူတွေကိုလဲ
အကျဉ်းလေးလောက်ပြောပြပါမယ်။ Burmese classic မှ Movies တွေကို Free Myanmar Vcd မှ ကူးယူပြသတာကြောင့် BC ပိုင်ရှင်မှ FMV ပိုင်ရှင်ကို မကူးယူဖို့ပြောကြတဲ့နေရာမှာ FMV ဘက်ကလိုက်နာခြင်းမရှိလို့ လူငှားရိုက်မယ်ဆိုတဲ့အထိဖြစ်လာပါတယ်။ အဲဒီ အချိန်တုန်းကတော့ ကျွန်တော်FMV ဘက်ကလွန်တယ်လို့မြင်ခဲ့ပေမယ့် အခုတော့ နှစ်ဦးလုံးအတူတူနဲ့အနူနူတွေပါပဲလို့သိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ BC ကလဲ သူများဆီက ခိုးယူထားတာတွေရှိနေလို့ပါပဲ။ ကျွန်တော် မနေ့က mmgeeks ဆိုဒ်မှာ ဝင်ဖတ်ကြည့်တော့ သတင်းတစ်ခုကိုတွေ့လိုက်တယ်။ User: Thet Htwe တင်ပေးထားတဲ့သတင်းလေးပါ။ BC ကစာအုပ်စင်ကဏ္ဍမှာရှိတဲ့ စာအုပ်တွေက အခြား Free E-books ဆိုဒ်တွေက ရယူထားတဲ့စာအုပ်တွေဖြစ်ပြီးတော့ စာအုပ်တွေကို သူတို့ကိုယ်ပိုင် တံဆိပ်တွေတပ်လိုက်ပါတယ်။ ရှင်းရှင်းလေးပါ သူများစာအုပ်ကိုသူ့စာအုပ်လုပ်တယ်ပေါ့။ အကြောင်းပြချက်ပေးထားတာက မသမာသူများ စီးပွားဖြစ်ရောင်းချလို့မရအောင်ပါတဲ့။ မသမာသူဆိုတာ ဘယ်သူ့ကိုပြောတာလဲမသိဘူး။ သူ့ကိုယ်သူပြောတာများလားပဲ။ သူ ခိုးယူထားတဲ့ စာအုပ်တွေမှာ အရင်ကတည်းက သက်ဆိုင်ရင် စာအုပ်ပိုင်ရှင်များရဲ့ တံဆိပ်တွေပါပြီးသားပါပဲ။ အဲဒါကို သူတို့က စာအုပ်ရဲ့ header နဲ့ footer မှာ သူတို့ တံဆိပ်တွေ အစားထိုးလို့ရအောင် software တွေသုံးပြီး တကူးတက လုပ်ထားတာက စေတနာတွေလို့ပြောမလား။ ကိုယ် မနှစ်သက်တဲ့ အပြုအမူတွေကို သူများအပေါ်မလုပ်ပါနဲ့ဆိုတဲ့ စကားလေးကို BC မှ တာဝန်ရှိသူတွေကိုပြောပြမယ့်သူ မရှိကြဘူးထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကပဲ ဒီနေရာကနေပြောလိုက်ပါတယ်။ နောက်နောင် အဲဒီလို ကိစ္စမျိုးတွေမလုပ်မိပါစေနဲ့လို့ စေတနာနဲ့ သတိပေးလိုက်ပါတယ်။ မဟုတ်ရင်တော့ Online မှာ နာမည်ပျက်သွားပါလိမ့်မယ်။
Original news: http://www.mmgeeks.org/forum/viewtopic.php?f=90&t=1182
ဆက်ကြည့်ရန်...
Monday, 19 January 2009
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်
ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည်ကိုဝင်ရောက်လာခဲ့တဲ့ ဂျပန်ဘုရင့်တပ်မတော်ရဲ့ရက်စက်မှုတွေကိုရိုက်ပြထားတာပါ။ ထိုအချိန်က မြန်မာပြည် အခြေအနေတွေကိုလဲရိုက်ပြထားတာပါတယ်။ ကြည့်သင့်တဲ့ Video လေးမို့ပြန်လည်ဝေငှလိုက်ပါတယ်။
ဆက်ကြည့်ရန်...
Saturday, 17 January 2009
ကြက်ဆူဆီဖြင့် လေယာဉ်များပျံသန်းနိုင်ဖွယ်ရှိ
လောင်စာဆီတွင် ကြက်ဆူဆီတစိတ်တပိုင်းမျှ ရောနှောထားသည့် စက်သုံးဆီဖြင့် မောင်းနှင်ခဲ့သည့် ခရီးသည်တင် လေယာဉ်ပျံတစ်စင်း၏ စမ်းသပ်ပျံသန်းမှုကို နယူးဇီလန် လေကြောင်းလိုင်းက အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အနာဂါတ်ကာလ စွမ်းအင်ထုတ်လုပ်မှုတွင် ဇီဝလောင်စာများ အစားထိုးသုံးစွဲနိုင်ရေး ရည်ရွယ်ချက်၏ အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် စမ်းသပ်ပျံသန်းခဲ့သော အဆိုပါ ဘိုးအင်း 747-400လေယာဉ်တွင် jatrophaခေါ် ကြက်ဆူစေ့မှရရှိသော ဆီတစ်ဝက်နှင့် A1အဆင့်ရှိ လေယာဉ်ဆီတစ်ဝက်တို့ကို ရောနှောပြီး လောင်စာအဖြစ် အသုံးပြုခဲ့ရာ (၂)နာရီကြာမြင့်သော ခရီးစဉ်ကို ချောမောစွာ အောင်မြင်နိုင်ခဲ့ကြောင်း နယူးဇီလန် လေကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။
အုတ်ကလန်တွင် ပြီးခဲ့သော သီတင်းပါတ်အတွင်းက အစမ်းပျံသန်းခဲ့သည့် ရလဒ်များအားလုံး ကျေနပ်စရာဖြစ်ကြောင်း လေယာဉ်မှူး ဒေးဗစ်မော်ဂန်က ဆိုသည်။ ယခုလောင်စာအား အသုံးပြုပျံသန်းနေစဉ် ဆီစနစ်ရော၊ အင်ဂျင်ပိုင်းတွင်ပါ ချွတ်ယွင်းမှု တစုံတရာ မတွေ့ခဲ့ဟု ၎င်းက ပြောကြားသွားသည်။ ယခုကဲ့သို့ ဇီဝစွမ်းအင်သုံး လောင်စာဆီများ အသုံးချလာခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်စွန့်ထုတ်မှုများ လျှော့ချနိုင်မည်ဟု ပညာရှင်များက ပြောဆိုထားသည်။ ဒုတိယမျိုးဆက် ဇီဝလောင်စာများဟု သတ်မှတ်ထားသော ကြက်ဆူဆီသည် သမားရိုးကျ အီသနောကဲ့သို့ ဇီဝလောင်စာများထက် အသုံးတွင်ကျယ်နိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြပြီး (၂၀၁၇)ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လေယာဉ်များအားလုံး ဇီဝစွမ်းအင်ဖြင့် ပျံသန်းနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့သော်လည်း ဇီဝစွမ်းအင်များ သုံးစွဲမှု မြင့်တက်လာလျင် သီးနှံစိုက်ခင်းများအတွင်း အစားအသောက်အတွက်ထက် လောင်စာအတွက် ဦးစားပေးကာ စိုက်ပျိုးလာခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် ထိပါးမှုအချို့ ရှိလာနိုင်ကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်နေဆဲဖြစ်သည်။
မူလသတင်းစဉ် - Planet
ဆက်ကြည့်ရန်...
Sunday, 28 December 2008
ဘလောခ့်အကယ်ဒမီ နဲ့ လူကြမ်းဆု
ကျွန်တော်စာမရေးဖြစ်တာကြာပါပြီ။ မအားတာရယ် ရေးစရာအကြောင်းမရှိတာနဲ့မရေးဖြစ်တာ အခုဆို ၃ပတ်လောက်ရှိရောပေါ့။ ဒီကြားထဲမှာ သူများတွေရေးထားတာကိုပဲလျှောက်ဖတ်ပြီး ပညာယူနေခဲ့တယ်လေ။ အခုရေးဖို့အကြောင်းဖန်လာတော့လဲ မရ ရတဲ့အချိန်ဆွဲထုတ်ပြီးရေးဖြစ်တာ။ ဒီတလော ဘလောခ့်တွေပေါ်မှာ ထူးထူးခြားခြားဖြစ်နေတဲ့ သတင်းလေးက ဘလောခ့်အကယ်ဒမီ ပေးပပွဲကျင်းပမယ်ဆိုတဲ့အကြောင်းလေးပါပဲ။ အဲဒီ အကယ်ဒမီပေးပွဲကို MBA လို့ခေါ်တဲ့ အဖွဲ့က ကမကထပြုလုပ်ကျင်းပပေးမယ်လို့သိရပါတယ်။ နောက်ထပ်ပြီးတော့ အဲဒီပိုစ့်မှာ ရေးထားကြတဲ့ အချို့သောသူများရဲ့ Comments တွေမှာလဲ မဆီမဆိုင် ဝေဖန်ထားကြတာကိုတွေ့ရတယ်။ MBA က အချောင် ဒိုင်ပင်ထိုးပြီး ဘလောခ့်လောကမှာ ဆရာလုပ်ချင်တာတဲ့ MBA ကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့်ဘလောခ့် လောကမှာဆရာလုပ်ချင်နေတာလို့စွပ်စွဲရလောက်အောင် ဘလောခ့်လောက ကရောဘယ်လောက်နာမည်ကြီးလို့လဲဗျာ။ ကျွန်တော့်ရဲ့ ဘလောခ့်ကာ တစ်ယောက်အပေါ်အမြင်တွေကို သိချင်ရင် ဒီမှာ ဖတ်နိုင်ပါတယ်။ အဲဒါလေးဖတ်ပြီးရင် ဘလောခ့်ကာ ဆိုတာဘာမှမဟုတ်မှန်းသိကြမှာပါ(ဘလောခ့်ကာဆိုတာဘာကြီး ညာကြီးဆိုပြီးထင်နေကြသူများအတွက်သာ)။ ဆုပေးတဲ့အဖွဲ့တွေကိုသာ ဒိုင်ပင်ပစ်ဝင် အချောင် ဆရာဝင်လုပ်ချင်နေတာလို့ထင်နေရင် နိုဘယ်ဆုကိုရော ဘယ်လိုသတ်မှတ်မလဲ။ နိုဘယ်ဆုမရှိလဲ လူတွေကသူ့ဘာသာ တီထွင်ဖေါ်ထုတ်နေကြမှာပဲမဟုတ်လား။ ကျွန်တော် စဉ်းစားမရတာက မြန်မာတွေဘာကြောင့် မြန်မာအချင်းချင်းကြိုးစားအားထုတ်မှုကို အားပေးတာမျိုးမရှိရတာလဲ။ နိုင်ငံခြားကိုမှအထင်ကြီးတာလား။ နိုင်ငံခြားကပေးတဲ့ဆုမှ ဆုလို့သတ်မှတ်တာလား။ နိုင်ငံရေး အတွက် ဘလောခ့်လုပ်နေတဲ့ ဘလောခ့်ကာများရဲ့ လုံခြုံရေးကို စိုးရိမ်တာမျိုး ဆိုရင်လဲ ဆုရတဲ့အခါ အခြေအနေအရဆုမယူပဲ မည်သူမည်ဝါ ဆုရသွားတယ်ဆိုတာမျိုးလောက်ပဲလုပ်ပေးပါလို့တောင်းဆိုရင် လုပ်ပေးမယ့်အနေအထားရှိပါတယ်။ ဘလောခ့်ကာ ရဲ့အမည်မှန်နဲ့နေရပ်လိပ်စာအတိအကျပေးရမယ်လို့ အတင်းအကြပ်တောင်းဆိုတာမျိုးမတွေ့ဘူးပါ။ ဆုပေးတဲ့အဖွဲ့အနေနဲ့လဲ ပွဲတစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်အစီအစဉ်ချ စနစ်တကျလုပ်ဖို့သင့်တယ်လို့ထင်ပါတယ်။ အခု လုပ်တဲ့ပွဲမှာ လိုအပ်ချက်တွေရှိနေသေးတာတွေ့ရပါတယ်။ ဘလောခ့်စာရင်းကို အသစ်ဖြည့်တာမဲပေးမှုတွေမစခင်ကတည်းကလုပ်သင့်ပါတယ်။ Vote System အနေနဲ့ကတော့မပြောလိုပါဘူး။ ဘယ်နိုင်ငံမှာမှ Online voting ကို Fair ဖြစ်အောင်မလုပ်နိုင်သေးပါဘူး။ နည်းပညာရဲ့အားနည်းချက်ကိုထောက်ပြီး MBA ကိုမဝေဖန်သင့်ပါဘူး။ MBA ကို ကျွန်တော်မသိသလို အကယ်ဒမီပွဲကိုလဲ လေ့လာသူအဖြစ်ထက်ပို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် မြန်မာလူငယ်တွေ နည်းပညာအကြောင်း စိတ်ဝင်တစားရှိကြတာသိရတော့ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒါကြောင့် စိတ်ထက်သန်စွာလုပ်ဆောင်နေကြတဲ့ လူတွေကို အားမပေးရင်ဘေးထွက်ထိုင်ပေးလိုက်ပါ။ ဆဲထုတ်တာမျိုးတော့မလုပ်ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။ မဟုတ်ရင်တော့ ဘလောခ့်ကာ လူကြမ်းဆု ဆိုပြီးထပ်ပေးနေအုံးမယ်ဗျ။
အသေးစိတ်ကိုတော့ ဒီမှာ ပဲကြည့်လိုက်ကြပါဗျာ။ ကျွန်တော်ရေးမယ့်အကြောင်းက အဲဒီအကယ်ဒမီပေးပွဲ အတွက် လူတွေဘယ်လို ဝေဖန်ကြလဲဆိုတာကိုပါ။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာလွဏ်းဆွေ ရဲ့ဘလောခ့်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ထားတာတွေ့ရပါတယ်။ ဒေါက်တာအမည်တပ်ပြီး မိန်းမလိုမိန်းမရ အရေးအသားနဲ့ မြန်မာစာကိုသုံးထားတဲ့အသုံးအနှုန်းတွေက ဘလောခ့်ပေါ်မှာ ထမိန်စွန်တောင်ဆွဲပြီး ဆဲနေတဲ့ ငါးစိမ်းသည်တစ်ယောက်အလား ဖြစ်နေပါတယ်။ ကျွန်တော် အဲဒီစာရေးသူကိုမသိပါဘူး။ ဒါပေမယ့် အသက်ကြီးပိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးဖြစ်မယ်လို့တော့ထင်ပါတယ်။ ကျွန်တော့်လို့ လူငယ်တစ်ဦးတောင်မရေးဝင့်တဲ့ အရေးအသားတွေကိုမြင်ရတော့ အတော့်ကိုအံ့အားသင့်သွားပါတယ်။ ဝေဖန်တယ်ဆိုတာကတော့ လူတိုင်းလုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တစ်ခုပါ ဒါပေမယ့် ဝေဖန်တဲ့နေရာမှာ အပြုသဘောဆောင်တဲ့ဝေဖန်ချက်တွေသာ အလုပ်ဖြစ်တယ်ဆိုတာမေ့မထားသင့်ပါဘူး။ ဝေဖန်တာနဲ့ ဆဲရေးတာကို ကွဲပြားသင့်တဲ့ အသက်အရွယ်ရှိမယ်လို့လဲထင်ပါတယ်။



